Thursday, June 9, 2016

Excel ၏ context menu ကို သုံးပြီး hyperlink ထည့်နည်း



workbook တစ်ခုတည်းမှာရှိတဲ့ မတူညီတဲ့ sheet တွေကို hyperlink ထည့်လိုလျှင် နည်းလမ်း 3မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။

 ဒီနည်းလေးကတော့ context menu မှ Hyperlink command ကို သုံးပြီး ဖန်တီးခြင်းပါ
  1. မိမိ hyperlink ထည့်လိုသော cell ကို select လုပ်ပါ
  2. ၄င်း cell ပေါ်မှာ Right-click နှိပ်ပြီး context menu မှ Hyperlink ကို ရွေးပါ

Insert Hyperlink  ဆိုသော dialog box လေး ပေါ်လာပါမည်

  1. Link to တွင် Place in This Document  ဆိုတာကို ရွေးပါ
  2. Or select a place in this document  မှာ မိမိချိတ်ဆက်လိုသော worksheet ကို ရွေးပါ
  3. Type the cell reference box တွင် မိမိချိတ်ဆက်လိုသော worksheet  မှ cell address ကို ရိုက်ထည့်ပါ
  4. Text to display box တွင် hyperlink ထည့်လိုသော cell ၏ value သို့မဟုတ် name ကို ထည့်ပါ
  5. OK ကို နှိပ်ပါ

ပုံမှာပြထားသလို select လုပ်ခဲ့သော cell  တွင် underline လေးနှင့် အပြာရောင်ဖြစ်သွားပါမည်။ ထိုသို့ပြောင်းလဲသွားခြင်းဖြင့် ဒီ cell  တွင် hyperlink ပါရှိသည်ကို သိနိုင်ပါသည်။
ကဲ အခုဆိုရင် ဒီ cell လေးကို တစ်ချက် နှိပ်လိုက်တာနဲ့ မိမိတို့ သတ်မှတ်ထားတဲ့ worksheet ဆီကို ချက်ခြင်းရောက်သွားမှာပါရှင် :D




tech-recipes မှ  မှီငြမ်းထားခြင်း ဖြစ်ပါသည်။


သိရှိပြီး သူများ ကျော်သွားပေးပါနော်

အဆင်ပြေကြပါစေ
Nine


DHL Service အသုံးပြုမည်ဆိုလျှင်



    DHL ကို အသုံးပြု sample ထည်များ ပြည်ပသို့ ပို့မည်ဆိုလျှင်
လိုအပ်ချက်      >>sample အထည်
                    >>sample အတွက် Invoice & Packing List 
>> ပို့ခကို လက်ငင်းမရှင်းပဲ DHL အကောင့်နှင့် ပေးချေမည်ဆိုလျှင် DHL Account
                                  (95နှင့် စပြီး ဂဏန်းစုစုပေါင်း 9လုံးပါရမည်)
                    >>လက်ခံမည့် လိပ်စာ အတိအကျ
                    >>လက်ခံမည့် လူ၏ နာမည် နှင့် ဖုန်းနံပါတ်

-      ပေးပို့ရန် sample အဆင်သင့်ဖြစ်လျှင် DHL office သို့ ဖုန်းဆက်ပါ။
 *** DHL မှ စက်ရုံအရောက်လာယူပေးလျှင် ပို့ခ 10% ပိုပေးရပါမည် ***
                                       
2
           DHL ဖြင့် ပြည်ပမှ ပစ္စည်းပို့လာလျှင် ထို ပစ္စည်းများ ဘယ်နေရာရောက်နေပြီလဲ Tracking ပြုလုပ်နည်း
          
          အထက်ပါ လင့်ခ် ကို နှိပ်ပါ

ယခုလို ပေါ်လာလျှင် DHL way bill မှ Tracking number ကို ရိုက်ထည့် Track ကိုနှိပ်ပြီး ရှာနိုင်ပါပြီ။


အနီရောင် ဘောင်ခတ်ထားတာလေးက Tracking number ပါရှင့် :D

သိပြီးသားလူများ ကျော်သွားပေးပါနော်
အဆင်ပြေကြပါစေ
Nine

CBM (cubic meter ) တွက်နည်း




CBM ကို လိုချင်ရင် length, width and height ကို မြှောက်ပါ ။

ဥပမာ ။        ။ 3m, 4m, 7m ရှိတဲ့ ပစ္စည်း/အရာဝတ္တု ရဲ့ CBM ကို တွက်လိုလျှင်
                   
                    CBM = 3m x 4m x 7m = 84m3

*** CBM (cubic meter , m3) တွက်လိုလျှင် length, width and height ၏ unit ကို m (meter) ဖြစ်အောင်ပြောင်းပါ။


     
Carton box မည်မျှကို မည်သည့် car or container နှင့် တင်ရမည်ကို တွက်လိုလျှင်

လိုအပ်ချက်         car or container ၏ ခန့်မှန်း CBM

                       Carton box ၏ CBM


ဥပမာ ။          
 အလျား=600mm ၊ အနံ=350mm ၊ အမြင့်=250mm ရှိသည့် Carton box စုစုပေါင်း 1000 box ကို container 20 ft နှင့် တင်မည် ။ ဖြစ်နိုင် မဖြစ်နိုင်တွက်မည် ဆိုပါစို့

Convert millimeter (mm ) to Meter (m)
Carton box ၏    အလျား=600mm x 0.001=0.6m
 အနံ=350mm x 0.001=0.35m
 အမြင့်=250mm x 0.001=0.25m

** Carton box တစ်ခု၏ CBM = 0.6m x 0.35m x 0.25m = 0.0525m3
    Carton box 1000 box ၏ CBM = 0.0525m3 x 1000 = 52.5m3


*** 20ft container ၏ CBM မှာ 26m3 or 28m3 သာ ဆံ့ပါသည် ထို့ကြောင့် Carton box 1000 box ၏ CBM 52.5m3  ကို တင်ဆောင်နိုင်သည့် 40ft container  ကိုသာ အသုံးပြုရပါမည်။

သိပြီးသားလူများ ကျော်သွားပေးပါနော်

အဆင်ပြေကြပါစေ
Nine
Welcome from Nine!

သူငယ်ချင်းအားလုံးကို Nine blog မှ ကြိုဆိုပါတယ်