Thursday, June 9, 2016

Excel ၏ context menu ကို သုံးပြီး hyperlink ထည့်နည်း



workbook တစ်ခုတည်းမှာရှိတဲ့ မတူညီတဲ့ sheet တွေကို hyperlink ထည့်လိုလျှင် နည်းလမ်း 3မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။

 ဒီနည်းလေးကတော့ context menu မှ Hyperlink command ကို သုံးပြီး ဖန်တီးခြင်းပါ
  1. မိမိ hyperlink ထည့်လိုသော cell ကို select လုပ်ပါ
  2. ၄င်း cell ပေါ်မှာ Right-click နှိပ်ပြီး context menu မှ Hyperlink ကို ရွေးပါ

Insert Hyperlink  ဆိုသော dialog box လေး ပေါ်လာပါမည်

  1. Link to တွင် Place in This Document  ဆိုတာကို ရွေးပါ
  2. Or select a place in this document  မှာ မိမိချိတ်ဆက်လိုသော worksheet ကို ရွေးပါ
  3. Type the cell reference box တွင် မိမိချိတ်ဆက်လိုသော worksheet  မှ cell address ကို ရိုက်ထည့်ပါ
  4. Text to display box တွင် hyperlink ထည့်လိုသော cell ၏ value သို့မဟုတ် name ကို ထည့်ပါ
  5. OK ကို နှိပ်ပါ

ပုံမှာပြထားသလို select လုပ်ခဲ့သော cell  တွင် underline လေးနှင့် အပြာရောင်ဖြစ်သွားပါမည်။ ထိုသို့ပြောင်းလဲသွားခြင်းဖြင့် ဒီ cell  တွင် hyperlink ပါရှိသည်ကို သိနိုင်ပါသည်။
ကဲ အခုဆိုရင် ဒီ cell လေးကို တစ်ချက် နှိပ်လိုက်တာနဲ့ မိမိတို့ သတ်မှတ်ထားတဲ့ worksheet ဆီကို ချက်ခြင်းရောက်သွားမှာပါရှင် :D




tech-recipes မှ  မှီငြမ်းထားခြင်း ဖြစ်ပါသည်။


သိရှိပြီး သူများ ကျော်သွားပေးပါနော်

အဆင်ပြေကြပါစေ
Nine


1 comment:

  1. သိချင်နေတာ ကြာနေပါပီ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete